Developed By ZNNT
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တွင်နေထိုင်သော အစ္စလာမ်ဘာသာဝင် (မွတ်စလင်မ်) Generation Z လူငယ်တစ်ဉီးဖြစ်သော ဇင်နောင်နောင်သက် မှ app ကို ဖန်တီးထားခြင်းဖြစ်သည်။
မြန်မာမွတ်စလင်မ် များအတွက် (မြန်မာဘာသာ) ဖြင့် ဘာသာရေးဆိုင်ရာ ပြည့်စုံလွန်းတဲ့ မည်သည့် ဆော့ဖ်ဝဲလ်မှမရှိသေးတာကို တွေ့ရပါတယ်။ ဒါကြောင့် ဖန်တီးသူအနေဖြင့် Myanmar Islamic Program ကိုရေးဆွဲရန်ဆုံးဖြတ်ခဲ့ပြီး အချိန် တစ်နှစ်နီးပါးခန့် ကြာခဲ့ရပေသည်။ ယခုတွင် အစ္စလာမ်ဘာသာဝင်များအနေဖြင့် လမ်းခရီးတွင်ဖြစ်စေ၊ မည်သည့်နေရာတွင်မဆို အင်တာနက်ဖွင့်လိုက်ရုံဖြင့် ဖတ်ရလွယ်ကူစေသောကြောင့် အသုံးပြုသူများ၏ ကောင်းမွန်သော Review များပိုင်ဆိုင်ထားရပါသည်။ ၎င်းအပြင် ပရိုဂရမ်ရေးဆွဲသူ၏ အဖိုး အဖွား နှင့် အာရ်ဝါ အပေါင်းအတွက် ရည်ရွယ်ကာ အခမဲ့ဖြန့်ဝေလိုက်ပါသည်။
ပရိုဂရမ်ရေးဆွဲသူ၏ မိဘနှစ်ပါးကိုလည်း ဒွန္ဒီယာတွင် ရှိစဥ်အခါ ကျန်းမာစွာနေထိုင်နိုင်ရန်၊ ပရိုဂရမ်ရေးဆွဲသူ ၏ နိယသ်ကို သင်၏ ဒိုအာတိုင်းမှာ ထည့်သွင်းသတိရနေပေးရန် မျှော်လင့်မိပါတယ်။
အချိန်တိုင်း လိုလိုတွင် စာအုပ်များ၊ ဘာသာပြန်များ၊ ဒိုအာများ၊ နည်းပညာအဆင့်မြှင့်တင်မှုများ စသဖြင့် များစွာကို တက်နိုင်သမျှ ထည့်သွင်းလုပ်ဆောင်နေပါသည်။
Myanmar Islamic Program app သည် အင်တာနက်တွင် Data များကိုရှာဖွေထည့်သွင်းထားတာမို့ ပိုင်ဆိုင်သူတစ်ဦးတစ်ယောက်ချင်းတိုင်းကို လေးစားစွာ Credit ပေးပါသည်။
စာအုပ်နှင့်အသံဖိုင်များတွင်အမှားအယွင်းများတွေ့ရှိခဲ့ပါက သက်ဆိုင်ရာပိုင်ရှင်များကို ဆက်သွယ်ပေးရန်၊ Myanmar Islamic Program app နှင့်မသက်ဆိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ဤပရိုဂရမ်တွင် စာအုပ်အချို့ကို Scribd တွင်လစဉ်ကြေးများဖြင့်သော်လည်းကောင်း၊ အာဇားန်အချိန်ဇယားအပါအဝင် နည်းပညာအဆင့်မြှင့်တင်မှုများ လစဉ် နှစ်စဉ် (အမေရိကန်ဒေါ်လာ) များဖြင့် ဝယ်ယူရတာတွေမျိုးတွေရှိတာကြောင့် သင်၏အလှူငွေဖြင့် တစ်ဖက်တစ်လှမ်းမှ ဤနေရာတွင် ပါဝင်ကူညီသွားနိုင်ပါသည်။ အသိပေးချက်။ ။ အလှူငွေဆိုသည်မှာ ဤ App အား နည်းပညာပိုင်းမှ အဓိက ပံ့ပိုးထားသောကြောင့် မိတ်ဆွေတို့လှူတန်းသော အလှူငွေဖြင့် ရေရှည်ရပ်တည်အောင်သာဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာတွင် ဘတ်ဂျက်မလုံလောက်၍ လိုအပ်သည်များသက်တမ်းမတိုးနိုင်တော့လျှင် ဤ App သည်ပြုတ်ကျသွားမည်။ ထို့ကြောင့် မည်သည့်အဖွဲ့အစည်း၏အမည်ခံမတက်သလို၊ အလှူငွေတောင်းခံခြင်းလည်းမဟုတ်ပါ။ (မလှူလည်း 100% Free သုံးနိုင်သည်။)