စူရဟ်ဖာသိဟ။

အဖွင့်ကဏ္ဍ။

မက္ကာမြို့တွင် ကျရောက်ပြီး မုက္ခပတ်တော်ပေါင်း ၇ ပါး ပါဝင်ပါသည်

၁ : ၁
بِسۡمِ اللّٰہِ الرَّحۡمٰنِ الرَّحِیۡمِ

1|1|​မပြတ်​မစဲ​သနား​ကြင်​နာ​ညှာ​တာ​တော်​မူ​ထသော​အနန္တက​ရု​ဏာ​တော်​ရှင်​ဖြစ်​တော်​မူ​ထသော​အလ္လာဟ်​အရှင်​မြတ်​၏​နာ​မံ​တော်​ဖြင့်(အစ​ပြု​ပါ​၏)။

-- သီရိပျံချီ ဃာဇီမိုဟာမက်ဟာရှင်မ် နှင့်အဖွဲ့
၁ : ၂
اَلۡحَمۡدُ لِلّٰہِ رَبِّ الۡعٰلَمِیۡنَ ۙ﴿۱﴾

1|2|​ချီး​မွမ်း​ထော​မနာ​ခြင်း​ဟူ​ဟူ​သမျှ​သည်​စကြာ​ဝဠာ​အပေါင်း​တို့​ကို(မဖြစ်​ပေါ်​မီ​ကစ​၍​ပြည့်​စုံ​ပြီး​စီး​သည့်​တိုင်​အောင်​အဆင့်​ဆင့်)​ပြု​စု​ပျိုး​ထောင်​တော်​မူ​သော​အလ္လာဟ်​အရှင်​မြတ်​အဖို့​သာ​တည်း။

-- သီရိပျံချီ ဃာဇီမိုဟာမက်ဟာရှင်မ် နှင့်အဖွဲ့
၁ : ၃
الرَّحۡمٰنِ الرَّحِیۡمِ ۙ﴿۲﴾

1|3|(အလ္လာဟ်​အရှင်​မြတ်​သည်)​မပြတ်​မစဲ​သနား​ကြင်​နာ​ညှာ​တာ​တော်​မူ​သော၊​အန​န္တက​ရု​ဏာ​တော်​ရှင်​ဖြစ်​တော်​မူ​၏။

-- သီရိပျံချီ ဃာဇီမိုဟာမက်ဟာရှင်မ် နှင့်အဖွဲ့
၁ : ၄
مٰلِکِ یَوۡمِ الدِّیۡنِ ؕ﴿۳﴾

1|4|(အလ္လာဟ်​အရှင်​မြတ်​သည်​ခပ်​သိမ်း​ကုန်​သော​သတ္တဝါ​တို့​ကို​ရှင်​ပြန်​ထစေ​တော်​မူ​၍​သူ​တော်​စင်​တို့​အား)​ကောင်း​ကျိုး၊(မသူ​တော်​တို့​အား)​မကောင်း​ကျိုး​ပေး​တော်​မူ​မည်​ဖြစ်​သော​နေ့​ကို​အစိုး​ရတော်​မူ​သော​အရှင်​ဖြစ်​သည်။

-- သီရိပျံချီ ဃာဇီမိုဟာမက်ဟာရှင်မ် နှင့်အဖွဲ့
၁ : ၅
اِیَّاکَ نَعۡبُدُ وَ اِیَّاکَ نَسۡتَعِیۡنُ ؕ﴿۴﴾

1|5|​ကျွန်​တော်​မျိုး​တို့​သည်​အရှင်​မြတ်​ကို​သာ​လျှင်​ခယ​ရို​ကျိုး​ရှိ​ခိုး​ဆည်း​ကပ်​ကြ​ပါ​၏။​ထို့​ပြင်​တဝ​ကျွန်​တော်​မျိုး​တို့​အား​ကူ​ညီ​စောင်​မတော်​မူ​ပါ​ရန်​အရှင်​မြတ်​အထံ​တော်​၌​သာ​လျှင်​ဆု​တောင်း​ပတ္ထနာ​ပြု​ပါ​၏။

-- သီရိပျံချီ ဃာဇီမိုဟာမက်ဟာရှင်မ် နှင့်အဖွဲ့
၁ : ၆
اِہۡدِ نَا الصِّرَاطَ الۡمُسۡتَقِیۡمَ ۙ﴿۵﴾

1|6|(အို-အလ္လာဟ်​အရှင်​မြတ်)​ကျွန်​တော်​မျိုး​တို့​အား​အစ​စအ​ရာ​ရာ​တွင်​ဖြောင့်​မတ်​မှန်​ကန်​သော​လမ်း​စဉ်​များ​ကို​ညွှန်​ကြား​ပြ​သတော်​မူ​ပါ။

-- သီရိပျံချီ ဃာဇီမိုဟာမက်ဟာရှင်မ် နှင့်အဖွဲ့
၁ : ၇
صِرَاطَ الَّذِیۡنَ اَنۡعَمۡتَ عَلَیۡہِمۡ ۙ۬ غَیۡرِ الۡمَغۡضُوۡبِ عَلَیۡہِمۡ وَ لَا الضَّآلِّیۡنَ ٪﴿۷﴾

1|7|​အကြင်​သူ​တို့​အပေါ်​ဝယ်​အလ္လာဟ်​အရှင်​မြတ်​သည်(မေ​တ္တာ​ကရု​ဏာ​သက်​ဝင်​တော်​မူ​၍)​သု​ခချမ်း​သာ​ဂုဏ်​ကျေး​ဇူး​ကို​ပြု​ခဲ့​လေ​ပြီ​ဖြစ်​၏။​ထို​သူ​မွန်​သူ​မြတ်​တို့​၏​တရား​လမ်း​ကို(ကျွန်​တော်​မျိုး​တို့​အား​လည်း​ညွှန်​ကြား​ပြ​သတော်​မူ​ပါ။)(ထို​သူ​မွန်​သူ​မြတ်​တို့​သည်)​အမျက်​တော်​စူး​ရှ​ခြင်း​ခံ​ရသူ​များ​လည်း​မဟုတ်၊​လမ်း​မှား​သူ​များ​လည်း​မဟုတ်။

-- သီရိပျံချီ ဃာဇီမိုဟာမက်ဟာရှင်မ် နှင့်အဖွဲ့



Developed By Zin Naung Naung Thet